EPL News

လုခ်ရှောအား မန်ယူအသင်းခေါ်ယူ

Jun 27 , 2014

မန်ချက်စတာ ယူနိုက်တက်အသင်းသည် ဆောက်သမ်တန်အသင်းမှ ဘယ်နောက်ခံကစားသမား လုခ်ရှောအား ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

မန်ယူအသင်း၏ ဘယ်နောက်ခံနေရာတွင် အဓိက ကစားနေသည့် အီဗရာမှာ အသက်အရွယ် ကြီးမြင့်လာပြီဖြစ်သောကြောင့် လုပ်အားနှုန်းကျဆင်းလာသဖြင့် အီဗရာ၏နေရာတွင် အစားထိုးရန်အတွက် လုခ်ရှောအား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မန်ယူ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဘီလ်ဘာအိုအသင်းမှ ကွင်းလယ်ကစားသမား ဟာရဲရားအား ၂၈.၈ သန်းဖြင့် ခေါ်ယူခဲ့ရာ အဆိုပါကစားသမားနှစ်ဦးအတွက် ပေါင် ၅၈.၈ သန်း အသုံးပြုခဲ့ပြီ ဖြစ်သည်။

ဆောက်သမ်တန်အသင်းသည် အစောပိုင်း လုခ်ရှောအတွက် ပေါင် သန်း ၄၀ အလိုရှိခဲ့သော်လည်း နောက်ဆုံးတွင် ပေါင် သန်း ၃၀ ဖြင့် ဈေးတည့်ခဲ့ကာ ယနေ့ မန်ယူအသင်းနှင့်အတူ ဆေးစစ်မှု ခံယူမည်ဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမည် ဖြစ်သည်။

Cho Phyu Aye




<< Back EPL News


Advertisement
Here