La-liga News

မန်ယူသို့ရောက်ရှိနိုင်သော ရာမို့စ်

Jun 22 , 2015

မန်ယူဂိုးသမားဒီဂီရာ ရီးရဲလ်သို့ပြောင်းရွေ့ မည်ဆိုသော သတင်း၏နောက်ဆက်တွဲအဖြစ် ရီးရဲလ်နောက်ခံလူ ရာမိုစ့်မှာ မန်ယူသို့ ရောက်လာနိုင်သည်ဟု ဆိုသည်။

အကယ်၍ ဒီဂီယာရီးရဲလ်သို့ပြောင်းခဲ့ပြီး အတုံ့အလှည့် သဘောအဖြစ် ရာမို့စ်ကို မန်ယူကခေါ်ယူခဲ့လျင် ၂၀၀၉ ခုနှစ် စီရော်နယ်ဒို အပြောင်း အရွေ့ပြီးနောက် ယခုအပြောင်းအရွေ့မှာ ကလပ် ၂ သင်းအကြား တန်ကြေးအများဆုံး အပြောင်းအရွေ့ တစ်ခုအဖြစ် စံချိန်တင်မည်ဖြစ်သည်။

ရာမို့စ်မှာ ၂၀၀၅ တွင်ဆီဗီလားမှရီးရဲလ်သို့ ရောက်ရှိလာသူဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်နေချိန်တွင် သက်တမ်းတိုးရန် ကလပ် အသင်းဘက်မှ အရိပ်အရောင်မပြခြင်းကြောင့် အသင်းမှထွက်ခွာ လိုနေသူဖြစ်သည်။

၁ နှစ်လစာယူရို ၆ သန်းရနေသောရာမို့စ်မှာ အသင်းသားအချို့ကိုသက်တမ်းတိုးပေးသည့် အထဲမပါဝင်ခဲ့သကဲ့သို့ ဘေးလ်ကဲ့သို့ ၁ နှစ်လစာပေါင် ၁ သန်းထပ်တိုးပေးခဲ့သည့် ကစားသမားများထဲ တွင်လည်းပါဝင်ခဲ့ခြင်းမရှိပေ။

U Myo Thant




<< Back La-liga News


Advertisement
Here