Coppa Italia Cup News

ကိုပါအမေရိက ကွာတားပွဲစဉ်များ

Jun 22 , 2015

ကိုပါအမေရိကဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပခဲ့ပြီးဖြစ်ရာ ကိုလံဘီယာမှာ သရေကျခဲ့သော်လည်း အကောင်းဆုံးတတိယ ၂ သင်းထဲတွင် ပါဝင်ခဲ့ပြီး ဘရာဇီး၊ ပီရူးတို့နှင့်အတူ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

အုပ်စု C ပြိုင်ပွဲများကို ယနေ့ကျင်းပခဲ့ရာ ကိုလံဘီယာနှင့် ပီရူးတို့မှာ ဂိုးမရှိသရေကျခဲ့ပြီး ဘရာဇီးကဗင်နီဇွဲလားကို ၂း၁ ဖြင့်အနိုင် ရရှိခဲ့သည်။

အုပ်စု ၃ ခုတွင်ချီလီ၊ ဘိုလီးဗီးယား၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ဘရာဇီးနှင့်ပီရူးတို့မှာ ကွာတားသို့တိုက်ရိုက် ၀င်ခွင့်ရခဲ့ပြီး ဥရုဂွေးနှင့်ကိုလံဘီယာတို့မှာ အကောင်းဆုံး တတိယအသင်းများအဖြစ် ၀င်ခွင့်ရရှိခဲ့ပါသည်။

ကွာတားဖိုင်နယ်ပွဲစဉ်များကို ၂၅ ရက်နေ့မှစ၍ တစ်နေ့တစ်ပွဲနှုန်း ကျင်းပမည်ဖြစ်ပြီး ချီလီနှင့်ဥရုဂွေး၊ ဘိုလီးဗီယားနှင့် ပီရူး၊ အာဂျင်တီးနားနှင့် ကိုလံဘီယာ၊ ဘရာဇီးနှင့်ပါရာဂွေး တို့တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here