Coppa Italia Cup News

အယူခံပယ်ချခံရသော နေမာ

Jun 22 , 2015

ကိုလံဘီယာကို ၁းဝ နှင့်ရှုံးခဲ့သော ပွဲစဉ်တွင်အနီကဒ် အပြစ်ခံခဲ့ရပြီး သူ၏အပြုအမူကြောင့် ၄ ပွဲအပယ်ခံ ခဲ့ရသည့် ဘရာဇီး ကပ္ဖတိန်နေမာ၏ အယူခံမှာပယ်ချခံလိုက်ရသည်။

နေမာမှာအယူခံ ၀င်ထားရင်းဖြင့်ဘရာဇီး၏ ဗင်နီဇွဲလားနှင့် ကိုပါအမေရိက အုပ်စုနောက်ဆုံးပွဲစဉ်ကို ပွဲကြည့်စင်မှကြည့်နေခဲ့ပြီး လာမည့်ကွာတားပွဲတွင် ပါဝင်ခွင့်ရရန် မျှော်လင့်နေသူဖြစ်သည်။

သို့သော်လည်း နေမာ၏အယူခံကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သို့ မပို့မီဘရာဇီးဘောလုံး အဖွဲ့ချုပ်က ပယ်ချ ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ကိုလက်ခံခဲ့သဖြင့် နေမာမှာ ဇာတိဘရာဇီးသို့ ပြန်ရတော့မည်ဖြစ်သည်။

နေမာမှာ တနင်္ဂနွေညတွင် ဘရာဇီးနည်းပြ အဖွဲ့ဝင်များ အခြား တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး အဖွဲ့ချုပ် တာဝန် ရှိသူများက ပြစ်ဒဏ်ကိုအယူခံ ထက်မ၀င်စေလိုတော့ပဲ လက်ခံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နေမာမှာ အသင်းတည်းခိုရာ ရှီရာတန်ဟိုတယ်မှ ယနေ့ထွက်ခွာသွားတော့မည် ဖြစ်သည်။ ကမ္ဘာ့ဖလား ၅ ကြိမ်ရ ဘရာဇီးအသင်းမှာ ယခုပြိုင်ပွဲ၏ ကွာတားဖိုင်နယ်တွင် ပါရာဂွေးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

 

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here