Bundesliga News

အသင်းပြောင်းမည့် မန်ဇူကစ်

Jun 22 , 2015

အက်သလက်တီကိုတိုက်စစ်မှုး  မန်ဇူကစ်မှာ ဂျူဗင်တပ်သို့ပြောင်းရွေ့တော့မည် ဖြစ်သည်။

ခရိုအေးရှားသား မန်ဇူကစ်မှာ အီတလီနိုင်ငံတူရင်မြို့သို့ရောက်ရှိနေပုံကို သူ၏ဆိုရှယ်ဝက်ဘ်ဆိုက်တွင် တင်ထားခဲ့ပြီး ဆေးစစ်ခံ ယူပြီးပါက မကြာမီအပြီးသတ် စာချုပ်ချုပ်ဆိုဖြစ်လိမ့်မည် ဖြစ်သည်။

၂၉ နှစ်သား မန်ဇူကစ်မှာဘိုင်ယန်မှ အက်သလက်တီကိုသို့ လွန်ခဲ့သောနွေကမှ ရောက်ရှိခဲ့သူဖြစ်ပြီး အက်သလက်တီကိုအတွက် ၄၃ ပွဲကစား ဂိုး၂၀ သွင်းယူပေးခဲ့သည်။

ဂျူဗင်တပ်၏ လွန်ခဲ့သောရာသီအတွက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သော တီဗက်စ်မှာအာဂျင်တီးနားသို့ ပြောင်းတော့မည်ဖြစ်၍ မန်ဇူကစ်ကို ခေါ်ရခြင်းဖြစ်သည်။ မန်ဇူကစ်မှာ ၄ နှစ်အတွင်း အသင်း ၃ သင်းပြောင်းဖြစ်ခဲ့သူ တစ်ဦးဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here