EPL News

ဆွမ်ဆီးရောက်မည့် ဂိုမစ်

Jun 27 , 2014

ဆွမ်ဆီးအသင်း၏ ဥက္ကဌ ဟူးဂျန်ဂင်က မိမိတို့အသင်းအနေဖြင့် လိုင်ယွန်အသင်းတိုက်စစ်မှူး ဂိုမစ်အား အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်လျှက် ရှိပြီဟု ယုံကြည်မိကြောင်း ပြောကြားသွားခဲ့သည်။

ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူး ဂိုမစ်သည် လိုင်ယွန်အသင်းတွင် လေးနှစ်ကြာခဲ့ပြီးနောက်အသင်းမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ဂိုမစ်အားခေါ်ယူနိုင်ရန်အတွက် ပြီးခဲ့သည့်လကတည်းက ဆွမ်ဆီးအသင်းမှ ကြိုးစားခဲ့ပြီး ယခုအပတ်အတွင်း အသင်းနှင့် အသေးစိတ် အချက်အလက်များဆွေးနွေးကာ ဆေးစစ်မှုခံယူသွားမည် ဖြစ်သည်။

ဂိုမစ်သည် လိုင်ယွန်အသင်းတွင် အဓိကတိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ကာ အသင်းအတွက် ၂၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၉၄ ဂိုးသွင်းယူပေးခဲ့ကာ အသင်းနှင့်အတူ ဆုဖလားများ ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။

Cho Phyu Aye




<< Back EPL News


Advertisement
Here