World CUp 2014 News

နိုင်ပွဲနှင့်ထွက်ခဲ့ရသည့် ပေါ်တူဂီ

Jun 27 , 2014

ကမ္ဘာ့ဖလားအုပ်စု G ၏ နောက်ဆုံးပွဲစဉ်အဖြစ် ဂါနာအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပေါ်တူဂီအသင်းမှ ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

ပေါ်တူဂီအသင်းတွင် ရော်နယ်လ်ဒို၊ ၀ီလျံ၊ အမော်ရင်၊ မော်တင်ဟို၊ ဗီလိုဆို၊ နာနီ စသည့် အဓိက ကစားသမားများအပြင် ဂျာမနီနှင့်ပွဲစဉ်က အနီကဒ်ထိခဲ့သည့် နောက်ခံကစားသမား ပီပီလည်း ပြန်ပါလာခဲ့ပြီး လူစုံခဲ့သည်။ နှစ်သင်းလုံး ယခုပွဲတွင် ဂိုးပြတ်အနိုင်ရှိပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သောကြောင့် အစွမ်းကုန်ကြိုးစားခဲ့ပြီး ပေါ်တူဂီအသင်းမှ ဂိုးရရှိရန်အခွင့်အရေးများ ရရှိခဲ့သည်။

အထူးသဖြင့် ပေါ်တူဂီအသင်းသည် အဓိက ကစားသမားရော်နယ်လ်ဒို၏ တိုးအားဖြင့် ရင်ဆိုင်ခဲ့ပြီး အခွင့်အရေးများ ရရှိခဲ့သော် လည်း ရော်နယ်လ်ဒို၏ ဂိုးကန်သွင်းမှုများအား ဂါနာဂိုးသမား ဒါအူဒါ အံ့အားသင့် ဖွယ် လက်စွမ်းပြ ကာကွယ်ခဲ့သဖြင့် ပေါ်တူဂီ အသင်း နစ်နာခဲ့ရသည်။ ပေါ်တူဂီအသင်းအတွက် ဂိုးများကို ပွဲချိန် မိနစ် ၃၀ တွင် ဘယ်တောင်ပံမှဖြတ်တင်ပေးသော ဘောလုံး အား ဂါနာအသင်းနောက်ခံ ကစားသမား ဘိုရီ ကာကွယ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို မိနစ် ၈၀ အရောက်တွင် ယခုပွဲ အတွက် ခြေစွမ်းပြနေသည့် ရော်နယ်လ်ဒိုတို့မှ သွင်းယူခဲ့သည်။

ဂါနာအသင်းအတွက် ချေပဂိုးကိုမူ ၅၇ မိနစ်အရောက်တွင် အဆာမိုအာ၏ ပေးပို့မှုအား ဂိုင်ယန်မှ ခေါင်းတိုက်သွင်းယူခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ၂-၁ ဖြင့် ပေါ်တူဂီအသင်း အနိုင်ရရှိခဲ့သော်လည်း တစ်ဖက်မှ USA အသင်းနှင့် ရမှတ်တူညီခဲ့ပြီး ဂိုးကွာခြား ချက်ကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီ ဖြစ်သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here