Coppa Italia Cup News

လက်ရှိချန်ပီယံကိုနိုင်တဲ့ အိမ်ရှင်

Jun 25 , 2015

ကိုပါအမေရိကပြိုင်ပွဲတွင် အိမ်ရှင်ချီလီကလက်ရှိ ချန်ပီယံဥရုဂွေးကို ၁းဝ ဖြင့် အနိုင်ရကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက် သွားပြီဖြစ်သည်။

ယခုပွဲစဉ်တွင် ဥရုဂွေးဘက်မှ ဖူချီလီနှင့်ကာဗာနီတို့ ၂ ၀ါ ၁ နီများဖြင့် ထွက်ခဲ့ရပြီး အိမ်ရှင်ချီလီအတွက် အနိုင်ဂိုးသွင်းသူမှာ ဂျူဗင်တပ်နောက်ခံလူ အစ်စလာကသွင်းယူခဲ့ခြင်း ဖြစ်းသည်။

ချီလီမှာ ဆီးမီးဖိုင်နယ်တွင် ဘိုလီဗီးယားနှင့်ပီးရူး ပွဲစဉ်မှအနိုင်ရသည့်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။ အခြားကွားတားဖိုင်နယ် ပွဲစဉ် ၂ ပွဲမှာ အာဂျင်တီးနားနှင့် ကိုလံဘီယာ၊ ဘရာဇီးနှင့်ပါရာဂွေး တို့ဖြစ်ကြသည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here