AFC Cup News

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကျင်းပရေးတပ်မတော်မှ လှူဒါန်းမည်

Jun 26 , 2015

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူးကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ၂၀၁၅(General Aung San Shield 2015) အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပံ့ပိုးကူညီသည့်အနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀၀) ပံ့ပိုးလှူဒါန်းမည်ဟုသိရပြီး ယင်းလှုဒါန်းပွဲ အခမ်းအနားကို မနက်ဖြန် ဇွန်လ (၂၇) ရက်နေ့၊ ညနေ (၆) နာရီ တွင် ပြည်လမ်းရှိ Yangon Novotel Max ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပါသည်။

သတင်းရယူလိုသော စာနယ်ဇင်း၊ မီဒီယာများ အနေဖြင့် အဆိုပါ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ကြောင်း သိရသည်။
(သတင်းဓါက်ပုံ MFF)

U Myo Thant




<< Back AFC Cup News


Advertisement
Here