World CUp 2014 News

ပြစ်ဒဏ်လွတ်ခဲ့တဲ့ ရော်ဘင်

Jul 01 , 2014

မက္ကဆီကို ကို ၂-၁ ဖြင့် နိုင်ခဲ့သော ပွဲတွင် ပင်နယ်တီရရှိရန် ဟန်ဆောင်လှဲချခဲ့သော ရော်ဘင်ကို ဖီဖာမှ အရေးယူမည်မဟုတ်ဟု သိရသည်။

အသက် ၃၀ ရှိပြီဖြစ်သော ရော်ဘင်က သူသည် ဟန်ဆောင် လှဲချခဲ့မိပါသည်ဟု ၀န်ခံပြောဆိုခဲ့သော်လည်း ဖီဖာကမူ တစ်စုံတစ်ရာ အရေးယူရန် အစီအစဉ်မရှိသဖြင့် လာမည့်ပွဲများတွင် ပါဝင်နိုင်ဦးမည် ဖြစ်သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရော်ဘင်က ၀န်ခံမိတာနဲ့ ပတ်သက်လို့ ရှက်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရမ်းရိုးသားလွန်းခဲ့လို့ပါ။

တစ်ခါတစ်လေမှာ ရိုးသားမိတာအတွက်နဲ့ အပြစ်ပေးခံရတာမျိုးလည်း ရှိပါတယ် ဟု ပြောဆိုခဲ့သည်။

လွန်ခဲ့သော ဖေဖော်ဝါရီလတွင် ဖီဖာဥက္ကဌ ဘလတ္တာက ကစားသမားများအနေနှင့် ဟန်ဆောင်လှဲချခြင်း၊ ဒဏ်ရာကြီးကြီးမားမား ရသယောင်လုပ်ပြခြင်း၊ အချိန်ဆွဲခြင်း စသည့် ကိစ္စများအပေါ်  ပြတ်သားစွာ အရေးယူရန် ပြောဆိုခဲ့ဘူးသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here