Europe News

၂ နှစ်ပွဲပယ်ခံရမည့် ဒမ့်ဆေး

Jun 26 , 2015

ဆီယက်တဲလ်ဆောင်းဒါးစ်ကလပ်မှ တိုက်စစ်မှုးဒမ့်ဆေးမှာ ကွင်းလယ်ဒိုင်ထံမှ မှတ်စုစာအုပ်ကိုဆွဲယူ လွှင့်ပစ်မှုဖြင့် US open Cup ပြိုင်ပွဲမှ ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီဖြစ်သည်။

အမေရိကန်လက်ရွေးစင်လည်း ဖြစ်သူဒမ့်ဆေးမှာ သူရရှိခဲ့သောအနီကဒ်ကြောင့် မေဂျာလိဂ်၏ ၃ ပွဲပယ်ပြစ်ဒဏ်ကို ကျခံရဦးမည်ဖြစ်ပြီး ကွင်းလယ်ဒိုင်ထံမှ မှတ်စုစာအုပ်ကို ဆွဲယူလွှင့်ပစ်မှုကြောင့် ကွင်းဖွင့်ဖလားများတွင် ၂ နှစ်ပါဝင်ခွင့်ရတော့မည် မဟုတ်ပေ။

သူသည်ဖော်ပြမထားသော ဒဏ်ငွေကိုပေးဆောင်ရဦးမည်ဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်များအတွက်မူ အယူခံလျောက်ထားနိုင်ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့က တင်းဘားစ်အသင်းကို ၃း၁ ဖြင့်ရှုံးနိုမ့်ခဲ့သည့် ကွင်းဖွင့်ဖလားပွဲတွင် ပွဲချိန် ၁၁၄ မိနစ်၌ ထိုကိစ္စ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပြစ်ဒဏ်ကြောင့် ဒမ့်ဆေးမှာ ၂၀၁၆ နှင့် ၂၀၁၇ အမေရိကန်ကွင်းဖွင့်ဖလားပွဲစဉ်များတွင် ပါဝင်ခွင့်ရတော့မည်မဟုတ်ပေ။

U Myo Thant




<< Back Europe News


Advertisement
Here