Bundesliga News

ကော့စတာကိုခေါ်တဲ့ ဘိုင်ယန်

Jun 26 , 2015

ဘိုင်ယန်အသင်းသည် ရှက်တာဒိုးနက်ကွင်းလယ် ကစားသမား ဒေါက်ကလပ်စ်ကော့စတာကို ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် သဘောတူထားပြီးဟုသိရသည်။

ဘရာဇီးသားကော့စတာမှာ လောလောဆယ် အချိန်တွင် ဘရာဇီးလက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိကဖလားပွဲ ဆင်နွဲနေဆဲဖြစ်သည်။

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မှာယူကရိမ်းကလပ် ရှက်တာဒိုးနက်နှင့်လည်း သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး မကြာမီ တရားဝင် ကြေညာမည်ဖြစ်သည်။

ကောစတာကိုလွန်ခဲ့သော ဇန်န၀ါရီကချဲလ်ဆီးအသင်းမှ စိတ်ဝင်စားခဲ့သော်လည်း တရားဝင်ကမ်းလှမ်းမှု မရှိခဲ့ပေ။

ဘာစီလိုနာ၊ မန်ယူ၊ မီလန်တို့၏ စောင့်ကြည့်ခြင်းကို ယခင်ကာလများက ခံခဲ့ရသောကော့စတာမှာ ဘိုင်ယန်နှင့် ၄ နှစ်စာချုပ် ချုပ်ဆို ဖြစ်လိမ့်မည်ဟုဆိုသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here