Coppa Italia Cup News

ဆီမီးတက်သော အာဂျင်တီးနား

Jun 27 , 2015

ကိုပါအီတာလျံ ကွားတားဖိုင်နယ်တွင် အာဂျင်တီးနားမှာ ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့်နိုင်ကာ ဆီမီး ဖိုင်နယ်သို့ ရောက်ရှိ သွားပြီဖြစ်သည်။

အာဂျင်တီးနားဘက်တွင် အေဂူရို၊ မက်ဆီ၊ မာရှေယာနို၊ ရိုဂျို၊ ဇဘာလက်တာ အစရှိသော ကစားသမားများနှင့် ပွဲထွက် ခဲ့သော်လည်း မိနစ် ၉၀ ပြည့်သည်အထိ ဂိုးမသွင်းနိုင်ခဲ့ကြပေ။

ဒုတိယပိုင်ပြီးခံနီးတွင် ဒီမာရီယာ၊ အေဂူရိုတို့အစား လာဗက်ဇီ၊ တီဗက်ဇ်တို့ဝင်ကစားခဲ့ကြသည်။

အချိန်ပိုပြီးသည်အထိ ဂိုးမသွင်းနိုင်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ် ၅ လုံးစီ ကန်ရာတွင် ၄း၎ ဖြင့် သရေကျနေသဖြင့် ထပ်ကန်ရာတွင်လည်း ၁ လုံးစီလွဲချော် ခဲ့ပြီးနောက်ဆုံး ၇ ကြိမ်မြောက်တွင် ကိုလံဘီယာမှ မူရီလိုကန်ရာ၌ လွဲချော်ခဲ့ပြီး အာဂျင်တီးနားဘက်မှ တီဗက်ဇ်ကန်ရာတွင် ဂိုးဝင်ခဲ့၍ အာဂျင်တီးနားက ၅း၎ ဖြင့်အနိုင်ရရှိသွားခြင်း ဖြစ်သည်။

အာဂျင်တီးနားမှာ ဆီမီးဖိုင်နယ်တွင် ဘရာဇီးနှင့်ပါရာဂွေးပွဲမှ နိုင်မည့်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here