World CUp 2014 News

လူမစုံတဲ့ ဘယ်လ်ဂျီယံ

Jul 01 , 2014

အမေရိကန်နှင့်ကစားရမည့် ဘယ်လ်ဂျီယံ အသင်းတွင် ဗာမေလန်ပါနိုင်မည်မဟုတ်ပဲ အသင်းခေါင်းဆောင် ကွန်ပါနီမှာလည်း မသေချာသေးဟု သိရသည်။

ဘယ်လ်ဂျီယံအသင်းမှာ ၁၆ သင်းအဆင့်တွင် အမေရိကန်နှင့် တွေ့ဆုံရခြင်းဖြစ်ပြီး နည်းပြ ၀ီလ်မော့စ်က အာဆင်နယ်နောက်ခံလူ ဗာမေလန်မှာ ရုရှားနှင့်ပွဲတွင် ရရှိခဲ့သောဒဏ်ရာ မသက်သာသဖြင့် ယခုပွဲကိုကစားနိုင်မည်မဟုတ်ပဲ ကွန်ပါနီမှာ လည်း လေ့ ကျင့်ရေး အပြည့်အ၀ မဆင်းနိုင်သေး ဟု ဆိုသည်။

မန်စီးတီးနောက်ခံလူ ကွန်ပါနီမှာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် တောင်ကိုရီးယားနှင့် ပွဲတွင်လည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။

အခြားနောက်ခံလူတစ်ဦး ဖြစ်သော ဘိုရီမှာလည်း မသေချာသေးသဖြင့် ဘယ်လ်ဂျီယံမှာ နောက်တန်းပြဿနာရှိလာနိုင်သည့် အသင်းဖြစ်သည်။

သို့သော် နည်းပြ ၀ီလ်မော့စ်က မိမိသည် ကွန်ပါနီ၊ ဘိုရီ တို့ကစားလာနိုင်မည်ဟု မျှော်လင့်ထားပြီး မကစားနိုင်ပါကလည်း လက်ရှိ လူဖြင့် အကောင်းဆုံး ရင်ဆိုင်ရန် စီစဉ်ထားကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here