Coppa Italia Cup News

ရှုံးပွဲတွေ့သော ဘရာဇီး

Jun 29 , 2015

ကိုပါအမေရိက ဖလားပွဲတွင် ဘရာဇီးအသင်းမှာ ပါရာဂွေးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရှုံးပေးခဲ့ရပြီးနောက် ပြိုင်ပွဲမှထွက်လိုက်ရပြီဖြစ်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးတိုက်စစ်မှုးဟောင်း ရော်ဘင်ဟိုက ဘရာဇီးအတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့သော်လည်း ၇၂ မိနစ်တွင် ဆေးလ်ဗားကဂိုးဧ၇ိယာထဲတွင် လက်ထိဘောဖြစ်ခဲ့၍ ပင်နယ်တီပေးခဲ့ရကာ ပွဲအပြီးတွင် ၁ ဂိုးစီသရေကျသွားခဲ့သည်။

အချိန်ပိုတွင်လည်း ဂိုးထပ်မသွင်းနိုင်သောကြောင့် ပင်နယ်တီအဆုံးအဖြတ်ရယူရာ ၃း၎ ဖြင့်ဘရာဇီးအသင်းရှုံးနိုမ့်ခဲ့ရပြီး ပါရာဂွေးအနေနှင့် ၁၉၇၉ နောက်ပိုင်းပထမဆုံးအကြိမ် ဗိုလ်စွဲရန်မျော်လင့်ချက် ရှိလာပြီဖြစ်သည်။

ဘရာဇီးမှာကိုပါအမေရိကဖလားကို ၈ ကြိမ်ရခဲ့ဘူးသော်လည်း ၂၀၀၇ နောက်ပိုင်းတွင် ဗိုလ်စွဲခဲ့ခြင်းမရှိတော့ပေ။

ပါရာဂွေးအသင်းမှာ ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားနှင့် တွေ့ရမည်ဖြစ်ပြီး အာဂျင်တီးနားမှာလည်း ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီမီးတက်ခဲ့သူဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here