La-liga News

ဗလင်စီယာရောက် ဖီးလ်နဗီး

Jun 29 , 2015

မန်ယူနှင့်အဲဗာတန် လက်ထောက်နည်းပြဟောင်းဖြစ်သူ ဖီလ်နဗီးမှာ စပိန်ကလပ်တွင် ဗလင်စီယာ၏ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်တော့မည် ဖြစ်သည်။

သူသည် ၂၀၁၃ တွင်ကစားသမားဘ၀မှ အနားယူခဲ့ပြီးနောက် အဲဗာတန်နှင့်မန်ယူ တို့တွင်နည်းပြ မိုရက်စ်၏လက်ထောက်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

နဗီးမှာ မန်ယူကစားဖော်ဟောင်းများဖြစ်သော ဂယ်ရီနဗီး၊ ဂစ်၊ စခိုးလ်၊ နစ်ကီဘက်တို့နှင်အတူ မြောက်ပိုင်းပရီးမီးယားလိဂ်ကလပ် တစ်ခုဖြစ်သည့် ဆဲလ်ဖို့ဒ်စတီးကို ပိုင်ဆိုင်နိုင်သူတစ်ဦးဖြစ်ပြီး ဗလင်စီယာအသင်းပိုင်ရှင် ပီတာလင်းမှာ ဆဲလ်ဖိုဒ့်ကလပ်၏ ရှယ်ယာ ၅၀%ကိုဝယ်ယူထားသူဖြစ်သည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သော နဗီးမှာ BBC တွင်အားကစားသတင်းဝေဖန်သူအဖြစ် တာဝန်ယူနေသူဖြစ်ပြီး နယူးကာဆယ်သို့ လက်ထောက်နည်းပြအဖြစ် ပြောင်းလာမည့် စတော့တလန်သား ကက်သရို၏နေရာကို ၀င်ကာဗလင်စီယာ လက်ထောက်နည်းပြ အဖြစ်တာဝန်ယူလိုက်ခြင်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here