La-liga News

ရီးရဲလ်တွင် ဆက်နေမည့် စီရိုနယ်ဒို

Jun 29 , 2015

ပေါ်တူဂီတိုက်စစ်မှုး စီရိုနယ်ဒိုက သူသည်လာမည့်ရာသီတွင် ရီးရဲလ်တွင်သာ ဆက်နေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

စီရိုနယ်ဒိုမှာ မတ်လအတွင်းရှော့ကေးကို ရှုံးခဲ့သည့်ပွဲနောက်ပိုင်းတွင် မည်သည့်မီဒီယာနှင့်မျှ တွေ့ဆုံခြင်းမရှိခဲ့ပဲ မီဒီယာများက စီရိုနယ်ဒိုမှာ ရီးရဲလ်တွင်မပျော်ရွှင်တော့ဟု ရေးလာကြချိန်တွင် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

လောလောဆယ်တွင် အပန်းဖြေခရီးထွက်နေသည့် စီရော်နယ်ဒိုက မိမိအကြောင်း ကောင်းကောင်းမသိပဲ ရေးနေကြသော မီဒီယာများ အနေနှင့် အထင်နှင့်ရေးသားခြင်းမျိုး မပြုလုပ်စေလိုကြောင်း မိမိသည်လာမည့်ရာသီတွင် ရီးရဲလ်၌ရှိနေမည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကလပ်တွင် ပျော်ရွှင်နေ ပါကြောင်း လောလော ဆယ်တွင် အပန်းဖြေကာလ၌ ငြိမ်းငြိမ်း ချမ်းချမ်းနေလို ပါကြောင်း ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here