Coppa Italia Cup News

ဖိုင်နယ်တက်သော အိမ်ရှင်ချီလီ

Jun 30 , 2015

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပထမပွဲစဉ်တွင် အိမ်ရှင်ချီလီပီရူးကို ၂း၁ ဖြင့်အနိုင်ရကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ချီလီမှနာပိုလီတိုက်စစ်မှုး ဗားဂက်စ်ကပထမပိုင်း ၄၂ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းမိနစ် ၆၀ တွင်ချီလီမှမီဒယ်က ကိုယ့်ဂိုးကိုသွင်းယူမိသဖြင့် တစ်ဂိုးစီသရေကျနေပြီး ၆၄ မိနစ်တွင် ဗားဂက်စ်ကပင် မီဒယ်၏ပေးပို့မှုမှတစ်ဆင့် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ပီရူးအသင်းမှာ ပွဲချိန်မိနစ် ၂၀ တွင်ဇမ်ဘရာနို ၂ ၀ါ ၁ နီဖြင့်အထုတ်ခံခဲ့ရ၍ ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။

အိမ်ရှင်ချီလီမှာ အာဂျင်တီးနားနှင့် ပါရာဂွေးပွဲစဉ်မှနိုင်သည့် အသင်းနှင့်ဇူလိုင် ၅ ရက်နေ့တွင် ဗိုလ်လုရမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here