Europe News

ဟော်လန်နည်းပြဟစ်ဒင့် နှုတ်ထွက်

Jun 30 , 2015

ဟော်လန်လက်ရွေးစင်အသင်းနည်းပြ ဟစ်ဒင့်စ်မှာ၎င်း၏တာဝန်များမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

ဗန်ဂေါလ်၏နေရာကိုဆက်ခံကာ ဟော်လန်နည်းပြဖြစ်လာသော ဟစ်ဒင့်မှာ၎င်းကိုင်တွယ်ခဲ့သည့် ၁၀ လအတွင်း ၁၀ ပွဲကစားခဲ့ရာ၌ ရှုံးပွဲ ၅ ပွဲအထိရှိခဲ့ပြီး အထူးသဖြင့်ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် အခြေအနေဆိုးခဲ့ရသည်။

အုပ်စု A တွင်ပါဝင်သောဟော်လန်မှာ လောလောဆယ်ယင်းအုပ်စုတွင် တတိယနေရာ၌သာရှိနေပြီး ဇယားထိပ်မှအိုက်စလန်နှင့် ၅ မှတ်ကွာဟလျက်ရှိသည်။

အိုက်စလန်နှင့် ချက်အသင်းများကို ရှုံးခဲ့ပြီးနောက်တွင် ဟော်လန်အသင်းအပေါ် ဝေဖန်မှုများစွာရှိခဲ့ပြီး ယင်းယူရို ၂၀၁၆ ခြေစစ် ပွဲအောင် မည်ဖြစ်သဖြင့် ဟော်လန်အနေနှင့် ရုန်းကန်ရမည်ဖြစ်ပြီး အကောင်းဆုံး တတိယအသင်း စာရင်းဝင် ရန်မှာလည်း မသေချာလှသေးပေ။

နည်းပြသက်တမ်း ၂၈ နှစ်ရှိပြီဖြစ်သည့် ဟစ်ဒင့်မှာသြစတြေးလျ၊ ရုရ၊ တူရကီ၊ တောင်ကိုရီးယားနှင့် ရီးရဲလ်၊ PSV၊ ချဲလ်ဆီးကလပ် များကိုလည်း ကိုင်တွယ်ခဲ့ဘူးသူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here