Coppa Italia Cup News

ခြေစွမ်းပြခဲ့သော ဒီမာရီယာနှင့်ရိုဂျို

Jul 01 , 2015

အာဂျင်တီးနားလက်ရွေးစင် မန်ယူကစားသမား ၂ ဦးဖြစ်သော ဒီမာရီယာနှင့် ရိုဂျိုတို့မှာ ပါရာဂွေးနှင့်ကစားရသော ကိုပါအမေရိက ဖလားဆီမီး ဖိုင်နယ်တွင် ခြေစွမ်းပြ၍ဂိုးများသွင်းယူ နိုင်ခဲ့ကြသည်။

အာဂျင်တီးနားက ၆း၁ ဖြင့်နိုင်ခဲ့သောထိုပွဲစဉ်တွင် ပွဲချိန် ၁၅ မိနစ်၌မက်ဆီ၏ပေးပို့မှုမှတစ်ဆင့် ရိုဂျိုကအဖွင့်ဂိုးသွင်းယူခဲ့ပြီး ၂၇ မိနစ်တွင်မက်ဆီ၏ ဖန်တီးပေးမှုမှတစ်ဆင့်ပင် ပက်စ်ထရိုကတစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

၄၃ မိနစ်တွင်ပါရာဂွေးဘက်မှ တစ်ဂိုးပြန်လည်ချေပခဲ့သော်လည်း ၄၇ မိနစ်နှင့် ၅၃ မိနစ်တို့တွင်ဒီမာရီယာ၊ မိနစ် ၈၀ တွင်အဂူရို၊ ၈၃ မိနစ်တွင်ဟီဂူအင်တို့က ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့ကြသည်။

အာဂျင်တီးနားမှာ လာမည့်စနေနေ့နောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင်ချီလီနှင့် ကစားရမည်ဖြစ်ပြီး ၂၀၀၇ နောက်ပိုင်း ဗိုလ်လုပွဲသို့ ပထမဆုံး ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here