World CUp 2014 News

ကင်မရွန်း၏ လုပ်ပွဲပြဿနာ

Jul 01 , 2014

ယခုကမ္ဘာ့ဖလားပွဲတွင် ကစားသမား ၇ ဦးမှာ လုပ်ပွဲပြဿနာဟုဆိုကာ ဖီဖာက ကင်မရွန်း တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးတော့ မည် ဖြစ်သည်။

အာဖရိက ဘောလုံးအဖွဲ့ချုပ်မှ ကိုယ်ကျင့်တရားဆိုင်ရာ ကော်မတီက ထိုကိစ္စအပေါ် ပြင်းထန်စွာဝေဖန်လိုက်ပြီး ယင်းကိစ္စကို ဂျာမနီ အသင်းစာတစ်စောင်က ဖော်ပြခဲ့ခြင်းဖြစ်ကာ စင်္ကာပူလောင်းကြေး ဒိုင်မှတစ်ဆင့် ယင်းလုပ်ပွဲကို ဖန်တီးခဲ့သည်ဟု ဆိုသည်။

ကင်မရွန်းအသင်းမှာ ဒုတိယပွဲစဉ်တွင် ခရိုအေးရှားကို ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကင်မရွန်းကစားသမား ဆောင်မှာ တိုက်ရိုက် အနီကဒ်နှင့် ထွက်ခဲ့ရသည်။

ဘရာဇီးနှင့်ပွဲတွင်လည်း ၄:၁ ဖြင့် ရှုံးခဲ့ကာ အဖွင့်ပွဲစဉ်တွင် မက္ကဆီကိုကို ၁:၀ ဖြင့် ရှုံးခဲ့ရာ စုစုပေါင်း ၃ ပွဲတွင် ပေးဂိုး ၉ ဂိုး၊ ၇ ဂိုး ၁ ဂိုး သာရှိခဲ့သည်။

ကင်မရွန်း ကစားသမား ၇ ဦးမှာ ခရိုအေးရှားနှင့်ပွဲတွင် လုပ်ပွဲကစားခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here