La-liga News

ဗလင်စီယာဥက္ကဌ နှုတ်ထွက်

Jul 02 , 2015

ဗလင်စီယာအသင်း ဥက္ကဌဆဲလ်ဗိုမှာ မိသားစုကိစ္စအကြောင်းပြချက်ဖြင့် ရာထူးမှနှုတ်ထွက်လိုက်ပြီ ဖြစ်သည်။

အသက် ၄၈ နှစ်အရွယ်ဆဲလ်ဗို၏ဖခင်မှာ ကင်ဆာဝေဒနာခံစားနေရသူဖြစ်ပြီး ထိုအကြောင်းပြချက်ဖြင့် ရာထူးမှနှုတ်ထွက် ခဲ့ခြင်းဖြစ်ကာ ၎င်း၏နေရာကို လေဟွန်ချန်းက အစားထိုးတာဝန် ယူမည်ဖြစ်သည်။

ဆဲလ်ဗိုမထွက်မီ အားကစားဒါရိုက်တာ ဂူဖီတီ၊ အတွင်းရေးမှုး အေရာလာနှင့် အခြား ၅ ဦးတို့မှာလည်း နှုတ်ထွက်သွားကြ ပြီးဖြစ်သည်။

ဆဲလ်ဗိုက ၂၀၁၃ နောက်ပိုင်းချန်ပီယံလိဂ်သို့ ပြန်လည်ဝင်ခွင့်ရခဲ့သည့် အသင်းကိုချီးကျူးခဲ့ပြီး အသင်းပိုင်ရှင် ပီတာလင်းနှင့် ဥက္ကဌသစ်ချန်းတို့သည် အသင်းကိုပိုမိုအောင်မြင်ရန် စွမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ကြောင်းပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here