Bundesliga News

ဒေါ့မွန်နှင့်သက်တမ်းတိုးသော ဂန်ဒိုဂန်

Jul 02 , 2015

မန်ယူအသင်းက ခေါ်ယူရန်ကြံစည်ခဲ့သော ဂျာမနီကွင်းလယ်ကစားသမား ဂန်ဒိုဂန်မှာဒေါ့မွန်နှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

ဂန်ဒိုဂန်မှာ မန်ယူ၊ ဘာစီလိုနာ၊ PSGတို့၏စိတ်ဝင်စားမှုကို ခံနေရသူဖြစ်ပြီး ယခုဒေါ့မွန်နှင့် ၂ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့၍ များစွာပျော်ရွင်ကျေနပ်ပါကြောင်း လေ့ကျင့်ရေးပြန်လည် ၀င်ရချိန်တွင် အသင်းဖော်များနှင့် ပြန်လည်ဆုံရ၍ များစွာ ကြည်နူး ရကြောင်း ပြောဆိုခဲ့ပြီးဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ခ်ကလည်း ဂန်ဒိုဂန်ကို ဆက်ခေါ် ထားနိုင်၍ ကျေနပ် မိကြောင်းပြောဆိုခဲ့သည်။

နူရင်ဘတ်အသင်း ကစားသမားဟောင်းဖြစ်သူ ၂၄ နှစ်သားဂန်ဒိုဂန်မှာ ဘွန်ဒက်လီဂါဖလားရခဲ့သည့် ၂၀၁၂ တွင်ဒေါ့မွန်၏ အားကိုးရသော ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်ခဲ့ပြီး လာမည့်ရာသီတွင် နည်းပြသစ်တူချယ်နှင့် ခရီးဆက်ခဲ့ကြမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here