Europe News

လေ့ကျင့်ရေး စဆင်းနေသောလမ်းပတ်

Jul 02 , 2015

မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးမှ လမ်းပတ်သည်ယမန်နေ့က အသင်းနှင့်အတူ ပထမဆုံးလေ့ကျင့်ရေး စတင်ခဲ့ပြီဖြစ်သည်။

မန်စီးတီးနှင့်ချဲလ်ဆီးတို့တွင် ကစားခဲ့သောလမ်းပတ်မှာ အသင်းဖော်တိုက်စစ်မှုး ဒေးဗစ်ဗီလာနှင့်အတူ ဓါက်ပုံတွဲရိုက်၍ ဆိုရှယ်ဝက်ဘ်ဆိုက်သို့တင်ခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲဝင်ချင်လှပြီဟု ဆိုခဲ့သည်။

၃၇ နှစ်ရှိပြီဖြစ်သည့် လမ်းပတ်မှာလာမည့် ၁၂ ရက်နေ့တွင် တိုရွန်တိုအသင်းနှင့် ကစားရမည့်ပွဲ၌ ပထမဆုံးပါဝင် ကစားမည်ဖြစ်သည်။

မေဂျာလိဂ်အရှေ့ပိုင်း ကွန်ဖရင့်စ်လိဂ်တွင် အောက်ဆုံးဒုတိယနေရာ၌ ရောက်နေသော နယူးရောက်စီးတီး အတွက် အကောင်းဆုံးရလဒ်များ ရရှိလာစေရန်ကြိုးပမ်းမည်ဟု လမ်းပတ်ကပြောဆိုခဲ့သည်။

အင်္ဂလန်လက်ရွေးစင် အသင်းဟောင်းလမ်းပတ်မှာ လွန်ခဲ့သောတနင်္ဂနွေနေ့က မြို့ခံပြိုင်ဘက် နယူးယောက်ရက်ဒ်ဘူး အသင်းကို ၃း၁ နှင့်ရှုံးခဲ့သောပွဲတွင် ပရိသတ်တစ်ဦးအဖြစ် သွားရောက်ကြည့်ရှုခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here