SEA Games News

ထိခိုက်မှုအာမခံလျော်ကြေး ပေးအပ်ပွဲကျင်းပ

Jul 02 , 2015

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများထဲမှ ပြိုင်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော အားကစားသမားများကို ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံလျော်ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားတစ်ရပ်ကို ဇူလိုင်လ ၁ရက်နေ့ မွန်းလွဲပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ဧရာမြန်မာ အာမခံ လုပ်ငန်း ရုံးချုပ်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော အားကစားသမားများနှင့် မိသားစုများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ဧရာမြန်မာ အာမခံလုပ်ငန်းမှ အုပ်ချုပ်မှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာမြန်မာအာမခံလုပ်ငန်းအနေဖြင့် ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအားလုံး၏ တစ်နှစ်တာ ကိုယ်လက်အင်္ဂါထိခိုက်မှုအာမခံ စပွန်ဆာပေးအပ် ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ယခုကဲ့သို့ အာမခံလျော်ကြေးများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

U Myo Thant

<< Back SEA Games News


Advertisement
Here