Bundesliga News

ဂျာမနီအတွက်မကစားတော့သည့် ဖိလစ်လမ်း

Jul 02 , 2015

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဖိလစ်လမ်းက သူသည်ဂျာမနီလက်ရွေးစင် အသင်းအတွက် ပြန်ကစားတော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ဂျာမနီအသင်းမှာ လွန်ခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာမည်ကျော်ဘရာဇီးကို ၇း၁ ဖြင့် ဂိုးပြတ်နိုင်ခဲ့ကာ နောက်ဆုံးတွင်ကမ္ဘာ့ဖလား ရခဲ့သည့်အသင်းဖြစ်သည်။

နောက်ခံလူဖိလစ်လမ်းမှာ ထိုကမ္ဘာ့ဖလားပွဲ ပြီးနောက်လက်ရွေးစင်အဖြစ်မှ အနားယူခဲ့ပြီး လက်ရှိဘိုင်ယန်အသင်းခေါင်းဆောင် လည်းဖြစ်သည်။

သူကမိမိအနေနှင့် လက်ရွေးစင်အသင်းအတွက် ပြန်ကစားတော့မည် မဟုတ်ကြောင်း အနားယူလိုက်သည့် အချိန်မှာ အချိန်ကောင်း ပင်ဖြစ်ကြောင်း မိမိ၏ကိုယ်ပိုင်ဘ၀သည် ပိုမိုအရေးကြီးလာသည်ကို သိရှိခဲ့ရကြောင်း ကမ္ဘာ့ဖလားပွဲအတွင်း မိသားစုနှင့်တစ်လခွဲခန့် ခွဲခွာနေရခြင်းမှာ အတော်ဆိုးလှကြောင်း မိမိအနေအထားအရ မိသားစုကိုဦးစားပေးရန် အချိန်ရောက် လာပြီဟု ဆိုချင်ပါကြောင်း စသဖြင့်ရင်ဖွင့်သွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here