AFC Champion News

မြန်မာအိမ်ရှင်လုပ်မည့် အာရှယူ-၁၉ခြေစစ်ပွဲ

Jul 03 , 2015

ဘာရိန်းနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း ကျင်းပမည့် AFC U19 Championship Bahrain 2016 ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို အုပ်စု (၁၀)ခု ခွဲဝေ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အုပ်စု(G) ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်သည်။

အုပ်စု(G) တွင် အိမ်ရှင် မြန်မာ၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အရှေ့တီမော အသင်းများ ပါဝင်နေပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ ရန်ကုန်မြို့ YTC ကွင်းတွင် ပွဲစဉ်များ ကျင်းပသွားမည်ဖြစ်သည်။

အာရှ ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ အား အုပ်စု(၁၀)စုမှ အုပ်စု ပထမ အသင်း (၁၀)သငှ်း၊ အကောင်းဆုံး အုပ်စု ဒုတိယ (၅)သင်းနှင့် အိမ်ရှင် ဘာရိန်းအသင်း စုစုပေါင်း အသင်း(၁၆)သင်း တို့ ၂၀၁၆ ခုနှစ်အတွင်း ဘာရိန်း နိုင်ငံတွင် နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
AFC U19 Championship Bahrain 2016 နောက်ဆုံးအဆင့် ပွဲစဉ်များမှ ဆီမီးဖိုင်နယ် တက်ရောက်သည့် အသင်း(၄)သင်းသည် ၂၀၁၇ ခုနှစ် တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပမည့် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ တက်ရောက် ကစားခွင့် ရရှိမည်ဖြစ်သည်။ တောင်ကိုရီးယား ယူ၁၉ အသင်းသည် AFC U19 Championship Bahrain 2016 ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိခဲ့ပါက ဖီဖာ ယူ၁၇ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆင့်(၅) နေရာရရှိမည့် အသင်းကို တက်ရောက် ကစားခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းအား AFC U19 Championship Bahrain 2016 ခြေစစ်ပွဲ စဉ်များတွင် ပရိသတ် အကြိုက် ခြေစွမ်းပြနိုင်ရေးနှင့် ခြေစစ်ပွဲ အောင်မြင်ရေးအတွက် အကောင်းဆုံးစုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး နည်းပြအဖွဲ့ ခန့်အပ်တာဝန်ပေးမှု၊ ကစားသမားရွေးချယ်မှု၊ လေ့ကျင့်ယှဉ်ပြိုင်မှု သတင်းများအား ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

AFC U19 Championship Bahrain 2016 ခြေစစ်ပွဲ အုပ်စု(G)
(၁) မြန်မာ
(၂) ဗီယက်နမ်
(၃) ဟောင်ကောင်
(၄) ဘရူနိုင်း ဒါရုဆလမ်
(၅) အရှေ့တီမော

AFC U19 Championship Bahrain 2016 ခြေစစ်ပွဲ အုပ်စု(G) ပွဲစဉ်များ (YTC Stadium)

၂၈ စက်တင်ဘာ ၂၀၁၅ (တနင်္လာ)
ညနေ (၃း၃၀)နာရီ - ဟောင်ကောင် - ဗီယက်နမ်
ညနေ (၆း၃၀)နာရီ - တီမော - ဘရူနိုင်း

၃၀ စက်တင်ဘာ ၂၀၁၅ (ဗုဒ္ဒဟူး)
ညနေ (၆း၃၀)နာရီ - ဘရူနိုင်း - မြန်မာ
ညနေ (၃း၃၀)နာရီ - တီမော - ဟောင်ကောင်

၂ အောက်တိုဘာ၂၀၁၅ (သောကြာ)
ညနေ (၆း၃၀)နာရီ - မြန်မာ - တီမော
ညနေ (၃း၃၀)နာရီ - ဗီယက်နမ် - ဘရူနိုင်း

၎ အောက်တိုဘာ၂၀၁၅ (တနင်္ဂနွေ)
ညနေ (၃း၃၀)နာရီ - ဗီယက်နမ် - တီမော
ညနေ (၆း၃၀)နာရီ - ဟောင်ကောင် - မြန်မာ

၆ အောက်တိုဘာ၂၀၁၅ (အင်္ဂါ)
ညနေ (၃း၃၀)နာရီ - ဘရူနိုင်း - ဟောင်ကောင်
ညနေ (၆း၃၀)နာရီ - မြန်မာ - ဗီယက်နမ်

(သတင်းဓါက်ပုံ MFF)

U Myo Thant

<< Back AFC Champion News


Advertisement
Here