Europa League

နိုင်ပွဲရသော ၀က်စ်ဟမ်း

Jul 03 , 2015

Fair Play အဆင့်သတ်မှတ်ချက်အရ အင်္ဂလန်မှဝက်စ်ဟမ်းမှာ ယူရိုပါလိဂ်ခြေစစ်ပွဲဝင်ခွင့်ရခဲ့ပြီး ယမန်နေ့ကကစားခဲ့ရသည့် အန်ဒိုရာကလပ်လူစီကာနော့စ်နှင့် ပထမအကျော့ပွဲတွင် ၃းဝ ဖြင့်အနိုင်ရရှိခဲ့သည်။

ပရိသတ် ၃ သောင်းခွဲလာရောက် ကြည့်ရှုသည့်ခြေစစ်ပွဲ ပထမအကျော့တွင် ၀က်စ်ဟမ်းမှဆာခိုက ၂ ဂိုးနှင့်တွမ်ကင်စ်က ၁ ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်ပြီး နည်းပြအဖြစ်ခန့်အပ်ခြင်းခံထားရသူ ဘီလစ်မှာပွဲကြည့်စင်မှကြည့်ရှု အားပေးသွားခဲ့သည်။

လူငယ်အကယ်ဒမီနည်းပြ ၀က်စ်လေကနည်းပြအဖြစ် တာဝန်ယူခဲ့သော ထိုပွဲတွင်အိမ်ရှင်ဝက်စ်ဟမ်းက ရရှိသောအခွင့်အရေးများကို အပိုင်အသုံးချနိုင်ခဲ့သဖြင့် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းသွားခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်မှာ ၉ ရက်နေ့တွင်ဖြစ်သည်။

U Myo Thant

<< Back Europa League


Advertisement
Here