Coppa Italia Cup News

တတိယရသော ပီရူး

Jul 04 , 2015

ကိုပါအမေရိကဖလား တတိယနေရာလုပွဲကို ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပီရူးကပါရာဂွေးကို ၂းဝ ဖြင့်အနိုင်ရရှိ သွားခဲ့သည်။

လွန်ခဲ့သော ၂၀၁၁ ကိုပါအမေရိက ဖလားပွဲတွင် တတိယရခဲ့သော ပီရူးမှာယခုပွဲစဉ်တွင်လည်း အထူးကြိုးစားခဲ့ကာ ဒုတိယပိုင်းတွင် သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပီရူးအတွက် ဗွေဆော်ဦးဦးဆောင်ဂိုးကို ၄၈ မိနစ်တွင်ကာရီလိုက သွင်းယူပေးခဲ့ပြီး အနိုင်သေချာစေမည့် ဒုတိယဂိုးကို ၈၉ မိနစ်တွင်ဆန်းချက်ဇ်၏ ပေးပို့မှုမှတစ်ဆင့် ဂူရီလိုကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်မှုမပြည့်၍ ဖာဖန်မပါနိုင်သကဲ့သို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရသူဇမ်ဘရာနိုတို့ မပါဝင်သော်လည်း ကြိုးစားအားထုတ်မှု ရလဒ်ကြောင့်ပီရူးက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးဗိုလ်ခုပွဲကို မနက်ဖြန်တွင်ကျင်းပမည်ဖြစ်ရာ အိမ်ရှင်ချီလီနှင့် အာဂျင်တီးနားတို့ ရင်ဆိုင်ကြမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here