AFC Cup News

ကွင်းပိတ်ကစားရမည့် မြန်မာ ယူ-၁၉

Jul 06 , 2015

အိမ်ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချခဲ့ခြင်းအပေါ် အယူခံဝင်ရာတွင် မအောင်မြင်ခဲ့သဖြင့် မြန်မာယူ-၁၉ အသင်းမှာလာမည့် AFC ယူ-၁၉ ခြေစစ်ပွဲပထမဆုံးပွဲစဉ်တွင် ပရိသတ်မပါပဲ ကွင်းပိတ်ကစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံကအိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သော ၂၀၁၄ AFC ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ်တွင် UAE ကိုအနိုင်ရခဲ့သည့်ပွဲ၌ ပရိသတ်များကွင်းအတွင်း ၀င်ရောက်အောင်ပွဲခံခဲ့မှုကြောင့် အာရှဘောလုံးအဖွဲ့ချုပ်က ကွင်းပိတ်ကစားရန် ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုလာမည့် စက်တင်ဘာလတွင် မြန်မာကယူ-၁၉ ခြေစစ်ပွဲအုပ်စု ပွဲစဉ်များကိုအိမ်ရှင် အဖြစ်လက်ခံကျင်းပခွင့်ရခဲ့ပြီး အထက်ပါပြစ်ဒဏ်အရ အုပ်စုပထမဆုံးပွဲဖြစ်သော ဘရူနိုင်းယူ-၁၉ နှင့်ပွဲတွင် ပရိသတ်မပါပဲကစားရမည်ဖြစ်သည်။

မြန်မာအသင်းမှာ ထိုခြေစစ်ပွဲတွင် ဘရူနိုင်း၊ ဟောင်ကောင် ၊ တီမော၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘရူနိုင်းနှင့်စက်တင်ဘာ ၃၀၊ တီမောနှင့်အောက်တိုဘာ ၂ ရက်၊ ဟောင်ကောင်နှင့်အောက်တိုဘာ ၄ ရက်၊ ဗီယက်နမ်နှင့်အောက်တိုဘာ ၆ ရက်နေ့တို့တွင် တွေ့ဆုံရမည်ဖြစ်သည်။

 

U Myo Thant




<< Back AFC Cup News


Advertisement
Here