Bundesliga News

ဒီမာရီယာကိုအလိုက်ပေး ခေါ်မယ့်ဘိုင်ယန်

Jul 07 , 2015

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်အသင်းမှာ မန်ယူမှဒီမာရီယာအတွက်ရော်ဘင်၊ မူလာနှင့်အပိုဆောင်းငွေ တို့ပါပေး၍ခေါ်ယူလို နေကြောင်းသိရသည်။

ဒီမာရီယာမှာလွန်ခဲ့သော နွေကမန်ယူသို့ပြောင်းရွေ့ကြေး ပေါင်သန်း ၆၀ ဖြင့်ရောက်ရှိလာသော်လည်း စိတ်တိုင်ကျခြေစွမ်း မပြနိုင်ခဲ့ပေ။

သို့သော်လည်းဘိုင်ယန် နည်းပြဂွာဒီယိုလာမှာ ၂၇ နှစ်သားဒီမာရီယာကို အလိုချင်ဆုံးကစားသမား အဖြစ်ပစ်မှတ်ထားနေ သည်ဟုဆိုသည်။

မန်ယူနည်းပြဗန်ဂေါလ်မှာလည်း ဘိုင်ယန်မှမူလာကို ခေါ်ယူလိုနေသူဖြစ်သည်။

လောလောဆယ်အချိန်တွင် ဒီမာရီယာမှာအာဂျင်တီးနား အသင်းအတွက်ကစားခဲ့ရင်း ဒဏ်ရာရရှိခဲ့သဖြင့် မန်ယူ၏ရာသီအကြို ခရီးစဉ်နှင့်လွဲချော်မည် ဟုသိရသည်။

ယခုကဲ့သို့ဘိုင်ယန်တွင် အစွမ်းပြခဲ့သူ ၂ ဦးကိုငွေသားပါ အလိုက်ပေး၍ဒီမာရီယာကို ခေါ်မည့်သတင်းမှာ မန်ယူအတွက်များစွာ စဉ်စားစရာဖြစ်သွားလိမ့်မည် ဟုအချို့ကယူဆလျက် ရှိနေသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here