World CUp 2014 News

မန်ယူနှင့်လိုက်ပါမည့် ဗန်ဂေါလ်

Jul 01 , 2014

နည်းပြ ဗန်ဂေါလ်သည် အမေရိကန်သို့ ရာသီကြိုခြေစမ်းပွဲသွားမည့် မန်ယူအသင်းခရီးစဉ်တွင် လိုက်ပါမည် ဖြစ်သည်။

အသက် ၆၂ နှစ်ရှိပြီဖြစ်သော ဗန်ဂေါလ်မှာ သူ၏ လက်ရှိအသင်း ဟော်လန်သာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပါက ဇူလိုင် ၁၃ ရက်က ဘရာဇီးတွင်သာ ရှိနေမည်ဖြစ်သည်။

မန်ယူအသင်းမှာ အမေရိကန်သို့ ခြေစမ်းပွဲ ၅ ပွဲ ခရီးစဉ်ကို ဇူလိုင် ၁၈ ရက်တွင် စတင်ထွက်ခွာမည် ဖြစ်သည်။

မန်ယူမှ လက်ကျန်အသင်းသားများသည် လက်ထောက်နည်းပြ ဂစ်နှင့်အတူ ကြိုတင်လေ့ကျင့်ရေးဆင်းမည်ဖြစ်ပြီး ဗန်ဂေါလ် အနေနှင့် ကမ္ဘာ့ဖလားပွဲတွင် ဆက်ရှိနေဖြစ်ပါက အမေရိကန် လော့စ်အိန်ဂျလိစ်သို့ တိုက်ရိုက်လိုက်လာမည်ဟု ဆိုသည်။

ဟော်လန်အသင်းမှာ မက္ကဆီကို ကိုအနိုင်ရခဲ့သဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီ ကောစတာရီကာနှင့် ဆုံတွေ့ရ မည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here