Bundesliga News

ဘရာဇီးနည်းပြဖြစ်ချင်တဲ့ ဂွာဒီယိုလာ

Jul 08 , 2015

ဘိုင်ယန်နည်းပြဂွာဒီယိုလာမှာ ကမ္ဘာ့ဖလားပွဲတစ်ခုခုအတွက် ဘရာဇီးကိုနည်းပြအဖြစ် တာဝန်ယူလိုနေကြောင်း နောက်ခံလူအဲလ်ဗက်စ်က ပြောဆိုလိုက်သည်။

ဘာစီလိုနာနောက်ခံလူ အဲလ်ဗက်စ်ကသူ၏ နည်းပြဖြစ်ခဲ့ဘူးသူ ဂွာဒီယိုလာမှာဘရာဇီး အသင်းနည်းပြဖြစ်လိုကြောင်း ပြောဆိုခဲ့ဘူးသည်ဟုဆိုသည်။

သို့သော်ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကမူ တိုင်းတစ်ပါးသားတစ်ဦးကို လက်ရွေးစင်နည်းပြခန့်အပ်ရေးအတွက် များစွာမ၀ံ့မရဲရှိနေကြောင်း အဘယ်ကြောင့်ဆိုသော် ဘရာဇီးသားများအနေနှင့် နိုင်ငံသားနည်းပြနှင့် လက်တွဲလိုစိတ်အရှိ၍ဖြစ်ကြောင်း အဲလ်ဗက်စ်ကပြောဆိုခဲ့သည်။

နည်းပြဂွာဒီယိုလာမှာ ဘာစီလိုနာကို ၄ ရာသီကိုင်တွယ်ခဲ့ရာတွင် ချန်ပီယံလိဂ်ဖလား ၂ လုံးနှင့်အတူဆုဖလား ၁၄ ခုရရှိစေခဲ့သူဖြစ်သည်။ သူသည် ၂၀၁၂ တွင်ဘာစီလိုနာကိုစွန့်ခွာ၍ ဘိုင်ယန်နည်းပြအဖြစ် ရောက်ရှိလာပြီးဘွန်ဒစ်လီဂါ ချန်ပီယံ ၂ နှစ်ဆက်တိုက် ဖြစ်စေခဲ့သည်။

ယနေ့ဗုဒ္ဓဟူးနေ့မှာ လွန်ခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလားပွဲဆီမီးဖိုင်နယ်တွင် ဘရာဇီးကဂျာမနီကို ၇း၁ ဖြင့်ဂိုးပြတ်ရှုံးခဲ့ရသည့် နှစ်ပါတ်လည်နေ့ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here