EPL News

သက်တမ်းတိုးတဲ့ ကစားသမား ၂ ဦး

Jul 01 , 2014

အက်စတန်ဗီလာအသင်းသည် ကစားသမား ၂ ဦးကို ၂ နှစ်စီသက်တန်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ကွင်းလယ်ကစားသမား ဂယ်ရီ ဂတ်ဒ်နာနှင့် ရှေ့တန်းမှ ရော်ဘင်ဆင်တို့ကို သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်ပြီး ဂတ်ဒ်နာမှာ လွန်ခဲ့သော ရာသီက ၁၈ ပွဲ ပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်သည်။

၂၂ နှစ်သား ဂတ်ဒ်နာအနေနှင့် ဒူးဒဏ်ရာရမှုနှင့်အတူ ချန်ပီယံရှစ်ကလပ်ဖြစ်သော ရှဖီးဝက်စ်နက်စ်ဒေး သို့ အငှားချခံခဲ့ ရသေးသည်။

အင်္ဂလန် ယူ-၁၂ လက်ရွေးစင်ဟောင်းလည်းဖြစ်သူမှာ လာမည့်ရာသီတွင် အသင်း၌ ပုံမှန်ကစားခွင့်ရရန် မျှော်မှန်းလျှက် ရှိသည်။

ရှေ့တန်းသမား ရော်ဘင်မှာ ဗီလာလူငယ်အသင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့သဖြင့် အသင်းကြီးသို့ ခေါ်ယူခံခဲ့ရ သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here