World CUp 2014 News

မီလန်မှထွက်မည့် ကာကာ

Jul 01 , 2014

ဘရာဇီးကွင်းလယ် ဖန်တီးရှင်ဖြစ်သူ ကာကာမှာ လက်ရှိမီလန်အသင်းမှ ဆာပေါ်လိုသို့ အငှားစာချုပ်ဖြင့်သွားရောက်မည်ဖြစ်ပြီး ၂၀၁၅ ဇန်န၀ါရီတွင် အမေရိကန်မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

၃၂ နှစ်ရှိပြီဖြစ်သော ကာကာမှာ စာချုပ်သက်တမ်း ၁ နှစ်ကျန်သေးသော်လည်း ဥရောပ၀င်ခွင့်မရသော မီလန်ကြောင့် အသင်းမှ ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘရာဇီး လက်ရွေးစင် ကာကာမှာ မီလန်တွင် ပထမအကြိမ်အဖြစ် ၂၀၁၃ မှ ၂၀၀၉ အထိ ကစားခဲ့စဉ်က စီးရီးအေ ချန်ပီယံနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရရှိခဲ့သည်။

သူသည် မီလန်အတွက် စုစုပေါင်း ၃၀၇ ပွဲ ကစားခဲ့ရာတွင် ၁၀၄ ဂိုး ရရှိခဲ့သူ ဖြစ်သည်။ ၂၀၀၇ တွင် ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူ ကာကာမှာ ယခုနှစ် ကမ္ဘာ့ဖလားပွဲအတွက် ရွေးချယ်ခြင်း မခံခဲ့ရပေ။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here