Bundesliga News

ရှုံးပွဲတွေ့သော ဘိုင်ယန်

Jul 13 , 2015

ဘွန်ဒက်လီဂါရာသီကြိုဖလားပွဲအဖြစ် ဘိုင်ယန်အသင်းနှင့်အော့ဇဘတ်အသင်းတို့၏ တယ်လီကွန်းဖလားပြိုင်ပွဲတွင် ဘိုင်ယန်မှာ ၂း၁ ဖြင့်ရှုံးနိုမ့်ခဲ့သည်။

ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မှာအယ်ကန်တာရာ၏ ၇-မိနစ်ဂိုးဖြင့်ပွဲကို ဦးဆောင်ခဲ့သော်လည်း ၂၉ မိနစ်နှင့် ၃၅ မိနစ်တို့တွင် အက်စ်ဝိန်း၊ ဟောင်ဂျောင်ဟိုတို့က အော့ဇဘတ်အတွက် ချေပဂိုးနှင့်အနိုင်ဂိုးများ သွင်းယူခဲ့ကာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်အသင်းမှာ ထိုပွဲစဉ်တွင်ကစားသမား အပြောင်းအလဲပြုလုပ်ခဲ့ခြင်းမရှိပဲ အော့စဘတ်ကမူ ၃၆ မိနစ်နှင့် ၄၂ မိနစ်တို့တွင် လူစားလဲမှုများပြုလုပ်ခဲ့သည်။

အခြားပွဲစဉ်တွင်ဂလက်ဘတ်နှင့် ဟမ်းဘတ်တို့မှာဂိုးမရှိသရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ရယူရာတွင်ဟမ်းဘတ်က ၄း၃ ဖြင့်အနိုင်ရခဲ့ပြီးအော့စဘတ်နှင့် ကစားရမည့်ဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here