EPL News

ချဲလ်ဆီးရောက် ကော့စတာ

Jul 02 , 2014

အက်သလက်တီကို တိုက်စစ်မှူး ဒီယေးဂိုးကော့စတာမှာ ချဲလ်ဆီးသို့ ပြောင်းရွှေ့ရန် အပြီးသတ် သဘောတူညီမှု ရခဲ့ပြီ ဖြစ်သည်။

စပိန်သား ကော့စတာမှာ ချဲလ်ဆီးနှင့် တရားဝင် စာချုပ်ချုပ်ဆိုပွဲ မလုပ်ရသေးသော်လည်း ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့ရန် အပြီးသတ် သဘောတူခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ကော့စတာ ပါဝင်သော စပိန်မှာ ကမ္ဘာ့ဖလားပွဲမှ စောစီးစွာထွက်ခွာခဲ့ရပြီး လက်ရှိအချိန်တွင် အနားယူနေဆဲ ဖြစ်သည်။

သူသည် လွန်ခဲ့သော ရာသီ လာလီဂါတွင် တတိယမြောက် ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဖြစ်ခဲ့ပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့ကာ သူ့ထက်ဂိုးပိုများသူမှာ စီရိုနယ်ဒို (၃၁ဂိုး) နှင့် မက်ဆီ (၂၈ ဂိုး) တို့ ဖြစ်သည်။

ဘရာဇီးတွင် မွေးဖွားခဲ့သော ကော့စတာမှာ ၂၀၀၆ တွင် ကစားသမားဘ၀စတင်ခဲ့ပြီး ကစားခဲ့သော ကလပ်အသင်းများအနက် အက်သလက်တီကိုအတွက် ၉၄ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုး သွင်းယူပေးထားခဲ့သူ ဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ လွန်ခဲ့သော ရာသီက ပရီးမီးယားလိဂ်တွင် ရဂိုး စုစုပေါင်း ၇၁ ဂိုးရှိခဲ့ပြီး ချန်ပီယံဖြစ်သွားသည့် မန်စီးတီးထက် ဂိုးအရေအတွက် ၃၁ ဂိုးလျော့နည်း ခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here