EPL News

ကိုးလ်နှင့် အီတူး ထွက်ပြီ

Jul 02 , 2014

နောက်ခံလူ အက်ရှ်လေးကိုးလ်နှင့် တိုက်စစ်မှူး အီတူးတို့သည် စာချုပ်သက်တမ်းစေ့သွားပြီဖြစ်၍ ချဲလ်ဆီးမှ ထွက်ခွာခဲ့ကြပြီ ဖြစ် သည်။

အသက် ၃၃ နှစ်စီရှိပြီဖြစ်သော အင်္ဂလန်သားကိုးလ်နှင့် ကင်မရွန်းသား အီတူးတို့ကို ချဲလ်ဆီးက စာချုပ်သစ်ကမ်းလှမ်းခဲ့ခြင်းမရှိ သဖြင့် ဇွန်လ ၃၀ ရက်တွင် စာချုပ်စေ့သွားခဲ့ခြင်း ဖြစ်သည်။

ကိုးလ်မှာ ချဲလ်ဆီးတွင် ၈ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အီတူးမှာ ရုရှားကလပ် အန်းဇီမှ လွန်ခဲ့သော ရာသီအစတွင် ၁ နှစ် စာချုပ်ဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။

အီတူးသည် ချဲလ်ဆီးအတွက် လွန်ခဲ့သော ရာသီက ၃၅ ပွဲကစား ၁၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ကိုးလ်မှာ ၂၀၀၆ တွင် အာဆင်နယ် မှ ရောက်ရှိလာသူ ဖြစ်သည်။

သြစတြေးလျသား ဂိုးသမား ရှဝါဇာမှာမူ ချဲလ်ဆီးတွင် ၁ နှစ် ဆက်နေခွင့် ရရှိထားပြီး ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here