AFC Cup News

AFC အမျိုးသမီးဖူဆယ်ပွဲစဉ်

Jul 15 , 2015

မလေးရှားနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC ၂၀၁၅ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အတွက်ပွဲစဉ်ဇယားများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထိုပြိုင်ပွဲတွင်အုပ်စု ၂ စုခွဲထားပြီးအုပ်စု A တွင်အိမ်ရှင်မလေးရှား၊ အီရန်၊ ဥဇဘက်ကစ္စတန်နှင့် ဟောင်ကောင်တို့ပါဝင်ပြီး အုပ်စု B တွင်ဂျပန်၊ တရုတ်၊ ထိုင်းနှင့်ဗီယက်နမ်တို့ ပါဝင်ကြသည်။

မလေးရှားမှာ ၂၀၁၃ အာရှပွဲစဉ်တွင် အီရန်ကို ၆း၁ ၊ ဟောင်ကောင်ကို ၆း၎ တို့နှင့်ရှုံးနိုမ့်ဘူးသူဖြစ်ပြီး ထိုပွဲစဉ်တွင်ငွေတံဆိပ်ရခဲ့သည့် အီရန်နှင့်ထပ်မံဆုံတွေ့ရခြင်းဖြစ်သည်။

၂၀၁၃ အာရှပွဲစဉ်တွင်ရွှေတံဆိပ် ရခဲ့သောဂျပန်မှာကြေးတံဆိပ်ရ ထိုင်းနှင့်တစ်အုပ်စုတည်းပြန်လည် ဆုံတွေ့ခြင်းလည်းဖြစ်သည်။

ထို ၂၀၁၃ ပွဲစဉ်မှရပ်တည်မှု အဆင့်များကိုအခြေခံကာ ယခုအုပ်စုကိုမဲခွဲခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်များကိုစက်တင်ဘာ ၂၁ မှ ၂၆ ရက်နေ့အထိယှဉ်ပြိုင် ကြရမည်ဖြစ်သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here