EPL News

ဒီဂျုန်းကို နယူးကာဆယ်ခေါ်

Jul 02 , 2014

အေဂျက်မှ ကွင်းလယ်တိုက်စစ်သမား ဒီဂျုန်းကို နယူးကာဆယ်အသင်းက ၆ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပြောင်းရွှေ့ကြေးဖော်ပြမထားသော ၂၅ နှစ်သား ဟော်လန်လက်ရွေးစင် ဒီဂျုန်းမှာ အေဂျက် အသင်းခေါင်းဆောင်ဖြစ်ပြီး အေဂျက် အတွက် ပွဲ ၂၀၀ ကျော်ကစားခဲ့ကာ ၈၇ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

သူ၏ညီဖြစ်သူ လုပ်ခ်မှာ လွန်ခဲ့သောရာသီတွင် နယူးကာဆယ်၌ ၆ လတာ အငှားစာချုပ်ဖြင့် လာကစားခဲ့သေးသည်။

ဒီဂျုန်းက နယူးကာဆယ်သို့ ရောက်ရှိလာရသည့်အတွက် များစွာကျေနပ်ပျော်ရွှင်မိပါကြောင်း၊ ညီဖြစ်သူ၏ ပြောပြချက်အရ နယူးကာဆယ် အသင်းအကြောင်းကို တော်တော်များများသိခွင့် ရရှိခဲ့ပါကြောင်း စိန်ခေါ်မှုအသစ်များနှင့် ကြုံတွေ့လို၍ တိုင်း တစ်ပါးဒေသကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

နယူးကာဆယ်မှာ လွန်ခဲ့သောရာသီက ပရီးမီးယားလိဂ်တွင် အဆင့် ၁၀ ၌ ရှိခဲ့သည့်အသင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here