World CUp 2014 News

ဟွန်ဒူးရပ်စ်နည်းပြ ထွက်မည်

Jul 02 , 2014

ဟွန်ဒူးရပ်စ်နည်းပြ ဆွာရက်ဇ်က သူသည် ရာထူးမှထွက်တော့မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဆွာရက်ဇ်မှာ ဟွန်ဒူးရပ်စ် လက်ရွေးစင်အသင်းကို ၂၀၁၁ မှစတင်၍ ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၂ အိုလံပစ်ပြိုင်ပွဲနှင့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ပါဝင်ခွင့်ရရန် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။

ထို့အပြင် အီကွေဒေါနိုင်ငံသား ဆွာရက်ဇ်မှာ ဟွန်ဒူးရပ်စ်ကို ကွန်ကာကက်ဖ် ရွှေဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ပေး ခဲ့သူ ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ဖလားပွဲတွင် ဟွန်ဒူးရပ်စ်မှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ အီကွေဒေါတို့ကို ရှုံးခဲ့ပြီး တစ်မှတ်မှ မရရှိပဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ဆွာရက်ဇ်က ကျနော် ပြီးခဲ့တဲ့ ၅ မိနစ်လောက်ကပဲ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒါဟာ နှုတ်ထွက်တာမဟုတ်ပဲ စာချုပ်စေ့တယ်လို့ပဲ မှတ်ပါတယ်၊ ကျနော် ကျေနပ်ပါတယ်။

ကျနော်ဟာ ဟွန်ဒူးရပ်စ်အတွက် ပရိသတ်အဖြစ် ဆက်ရှိနေမှာဖြစ်သလို ဟွန်ဒူးရပ်စ်ပြည်တွင်းက အသင်းတိုင်းရဲ့ ပရိသတ်အဖြစ် လည်း ဆက်ရှိနေမှာပါ ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here