Bundesliga News

ဂေါ့ဇီအတွက် မန်ဇူကစ်ဝမ်းသာ

Jul 17 , 2015

အသင်းဖော်ဟောင်းဂေါ့ဇီနှင့်အတူ ပြန်တွဲကစားရတော့မည်ဖြစ်၍ ၀မ်းသာမိကြောင်းဂျူဗင်တပ် အသင်းမှမန်ဇူကစ်က ပြောဆိုလိုက်သည်။

ဂျူဗင်တပ်အသင်းမှာ ကွင်းလယ်တွင်ကစားသမား ဗီဒယ်ကိုဘိုင်ယန်သို့ ထုတ်ရောင်းမည်ဖြစ်ပြီး ဘိုင်ယန်မှ ၂၃ နှစ်သားဂေါ့ဇီက ဂျူဗင်တပ်သို့ရောက်လာ လိမ့်မည်ဖြစ်သည်။

ဂေါ့ဇီမှာဘိုင်ယန်နည်းပြဂွာဒီယိုလာနှင့် အဆင်ပြေလှသူတစ်ဦး မဟုတ်တော့ပဲ ဘွန်ဒစ်လီဂါချန်ပီယံမှ စီးရီးအေချန်ပီယံ ဂျူဗင်တပ်သို့ရောက်လာမည့် ဂျာမနီလက်ရွေးစင် တစ်ဦးဖြစ်သည်။

မန်ဇူကစ်နှင့်ဂေါ့ဇီမှာ ၂၀၁၃-၁၄ ရာသီတွင်ဘိုင်ယန်၌ အတူကစားခဲ့ သူများဖြစ်သည်။ မန်ဇူကစ်ကဂေါ့ဇီမှာ ချီးကျူးစရာကောင်းသော ကစားသမားတစ်ဦးဖြစ်ကြောင်း ဂျူဗင်တပ်မှပီယာလို၊ တီဗက်ဇ်တို့ ထွက်သွားသော်လည်း မိမိတို့သည်လက်ရှိ ချန်ပီယံဘွဲ့ကိုဆက်ထိန်း နိုင်မည့်အင်အားစုအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here