World CUp 2014 News

ဆွစ်ဇာလန်နည်းပြ ထွက်ပြီ

Jul 02 , 2014

အာဂျင်တီးနားကို အချိန်ပိုအထိ ကစားခဲ့ပြီးမှ ၁:၀ ဖြင့် ရှုံးကာ ထွက်ခဲ့ရသည့် ဆွစ်ဇာလန်မှ နည်းပြ ဟစ်ဇ်ဖဲလ်မှာရာထူးမှ ထွက်ခဲ့ပြီ ဖြစ်သည်။

ဆွစ်ဇာလန်အသင်းမှာ ဘောလုံးအင်အားကြီး နိုင်ငံတစ်ခု ဖြစ်သော အာဂျင်တီးနားကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့သော်လည်း ပွဲကစားချိန် ၁၁၈ မိနစ်တွင် ဂိုးပေးခဲ့ရကာ သေချာပေါက် ဂိုးရနိုင်မည့်အရေးနှင့် လွဲချော်ခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပွဲကို နှုတ်ဆက် လိုက် ရသည့် အသင်းဖြစ်သည်။

ဘိုင်ယန်၊ ဒေါ့မွန်တို့ကို ချန်ပီယံလိဂ်ဖလား ရစေခဲ့သည့် ဟစ်ဇ်ဖဲလ်မှာ နည်းပြသက်တမ်း နှစ် ၃၀ ကျော် ရှိသူဖြစ်ပြီး ယခု ဆွစ်ဇာလန်နည်းပြအဖြစ်မှ နှုတ်ထွက်ခဲ့သကဲ့သို့ မည်သည့် အသင်းကိုမျှ တာဝန်ယူတော့မည် မဟုတ်ပဲ အနားယူတော့မည် ဟု သိရသည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သာ ဂျာမနီသားကြီး ဟစ်ဇ်ဖဲလ်က သူ့အနေနှင့် နည်းပြဘ၀ကို စွန့်လွှတ်ပြီဖြစ်ကြောင်း ပြောဆို ခဲ့သည်။

သို့သော် အာဂျင်တီးနားကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့သည့် သူ့အသင်းအတွက် ဂုဏ်ယူကြောင်း ဆက်လက်ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here