EPL News

ဆွာရက်ဇ်ကို ပေါင် ၇၂ သန်းပေးမည်

Jul 03 , 2014

လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းဖြင့် ဘာစီလိုနာက ကမ်းလှမ်းထားကြောင်း သိရသည်။

ဥရုဂွေးသား ဆွာရက်ဇ်နှင့် ပတ်သက်၍ လီဗာပူးနှင့် ဘာစီလိုနာမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေကြဆဲဖြစ်ပြီး ဆွာရက်ဇ်မှာ လည်း ကမ္ဘာ့ဖလားပွဲတွင် ရရှိခဲ့သော ၄ လပွဲပယ် ပြစ်ဒဏ်အတွက် အယူခံတင်နိုင်ရန် စပိန်ရှေ့နေတစ်ဦးဖြစ်သူ ခရက်စပိုနှင့် တိုင်ပင်လျက်ရှိသည်ဟု ဆိုသည်။

၂၇ နှစ်သား ဆွာရက်ဇ်အတွက် လီဗာပူးက ပေါင်သန်း ၈၀ ၀န်းကျင်လိုချင်သော်လည်း ဘာစီလိုနာက ကမ်းလှမ်းသည့် ပေါင် ၇၂ သန်းကို လက်ခံလိမ့်မည်ဟု အချို့သတင်းများက ဖော်ပြကြသည်။

လီဗာပူး CEO အိုင်ယန်အေရီနှင့် ဘာစီလိုနာမှ တာဝန်ရှိသူများဖြစ်သော ဆန်လီဟီ၊ ရိုဆစ်နှင့် မက်စ်ထရီတို့သည် လန်ဒန် တွင် တွေ့ဆုံဆွေးနွေးနေကြပြီး မကြာမီ ဆွေးနွေးမှုရလဒ်ကို သိရတော့မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here