Bundesliga News

ဂွာဒီယိုလာဆက်နေမယ်ဆိုတဲ့ နူအာ

Jul 23 , 2015

ဘိုင်ယန်ဂိုးသမားနူအာက အသင်းနည်းပြဂွာဒီယိုလာမှာ အသင်းနှင့်စာချုပ်သက်တမ်း တိုးလိမ့်မည်ဟုယုံကြည်ကြောင်း ပြောဆို လိုက်သည်။

ဂွာဒီယိုလာမှာဘိုင်ယန်နှင့် ၂၀၁၃ တွင် ၃ နှစ်စာချုပ်ချုပ် ဆိုကာရောက်ရှိ လာခဲ့ခြင်းဖြစ်ပြီးလာမည့် ၂၀၁၆ ဇွန်လတွင် စာချုပ်သက်တမ်း စေ့မည်ဖြစ်သည်။

ဂွာဒီယိုလာမှာယခုနွေတွင် မန်စီးတီးသို့ပြောင်းလိမ့်မည်ဟု သတင်းထွက်ခဲ့သော်လည်း သူကိုယ်တိုင်ကအင်္ဂလန်သို့ ရွေ့မည့် သတင်းကို ငြင်းဆိုခဲ့သည်။

အသက် ၄၄ နှစ်ရှိပြီဖြစ်သော ဂွာဒီယိုလာနှင့်ပက်သက်၍ နူအာကသူသက်တမ်းတိုးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ဟုပြောဆိုခဲ့ပြီး ဘိုင်ယန်ကယူရိုသန်း ၃၀ နှင့်ခေါ်ယူခဲ့သော ရှက်တာဒိုးနက်မှကော့စတာနှင့် ပက်သက်၍လည်းသူဟာ ဒုံးကြည်တစ်လုံးလိုပါပဲ၊ သူမြန်ဆန်ပုံက အံ့သြစရာပါဘိုင်ယန်အတွက် လက်နက်ကောင်းတစ်ခုပေါ့ ဟုပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here