Bundesliga News

ဘိုင်ယန်ရောက်သွားသော ဗီဒယ်

Jul 24 , 2015

ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဗီဒယ်မှာဘိုင်ယန်သို့ပြောင်းရွေ့ရန် သဘောတူလိုက်ပြီဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ဗီဒယ်ကို မိမိတို့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘိုင်ယန်ဥက္ကဌကလည်း အတည်ပြုပြောဆိုလိုက်သည်။

ထို့အပြင်ဥက္ကဌရမ်မီနစ်က ၂၅ နှစ်သားတိုက်စစ်မှုးမူလာအတွက် ကမ်းလှမ်းချက်ကိုလက်ခံ ရရှိကြောင်းသို့သော် မိမိတို့အနေနှင့် အချို့ကစားသမားများကို မည်သည့်ဈေးနှင့်မျှထုတ်မရောင်းရန် ဆုံးဖြတ်ထားခြင်းကြောင့် မူလာမှာအသင်းတွင်ဆက်နေရန် ဆုံးဖြတ်ထားခြင်းကြောင့် မူလာမှာအသင်းတွင် ဆက်ရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဗီဒယ်မှာကိုပါအမေရိက ဖလားပွဲကစားခဲ့ပြီးနောက် ယခုအခါအပန်းဖြေခရီး ထွက်နေပြီးမကြာမီ ရက်ပိုင်းအတွင်း ဆေးစစ်ခံရန် ဘိုင်ယန်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်သည်။

ဘိုင်ယန်မှာယခုနွေတွင် ရှက်တာဒိုးနက်ကွင်းလယ် ကစားသမားကော့စတာ၊ စတုဂတ်ဂိုးသမားယူရစ်ခ်ျနှင့် စတုဂတ်ကွင်းလယ် ကစားသမားဟောင်း ကင်မစ်ခ်ျတို့ကိုခေါ်ယူထားပြီဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here