Euro 2016

အမှတ်လျော့ခံရသော ခရိုအေးရှား

Jul 24 , 2015

အီတလီနှင့်ကစားခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲတွင်လူမျိုးရေး ခွဲခြားသည့်ပြုမူပုံများ ရှိခဲ့သဖြင့်ခရိုအေးရှားအသင်းကို ၁ မှတ်လျော့ပြစ်ဒဏ်နှင့် ဒဏ်ငွေယူရိုတစ်သိန်းပေးဆောင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ်က အမိန့်ချခဲ့သည်။

ထိုပွဲစဉ်တွင်တစ်ဂိုးစီ သရေကျခဲ့ပြီးအုပ်စုတွင်းတွင် ခရိုအေးရှားကအီတလီထက် ၂ မှတ်အသာဖြင့်ရပ်တည်ခဲ့သည်။

ထိုအပြုအမူမျိုးအတွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က တောင်ပန်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က လာမည့်အိမ်ကွင်းပွဲ ၂ ပွဲကိုကွင်းပိတ်ကစားရန်ပါ အမိန့်ချခဲ့သည်။

ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် အနေနှင့်အယူခံဝင်ရန်အချိန် ၃ ရက်ရမည်ဖြစ်သည်။ ယခုကဲ့သို့ ၁ မှတ်လျော့ပြစ်ဒဏ်ကြောင့် ခရိုအေးရှားမှာအီတလီထက် ၁ မှတ်သာအသာစီးရတော့ မည်ဖြစ်ပြီးကစားရန် လက်ကျန်ပွဲစဉ်မှား ၄ ပွဲဖြစ်သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here