EPL News

ဖယ်လာနီကို ရောင်းမည်

Jul 03 , 2014

မန်ယူကွင်းလယ်ကစားသမား ဖယ်လာနီကို ရာသီမစမီ ရောင်းထုတ်ရန် အသင်းတာဝန်ရှိသူများကို နည်းပြဗန်ဂေါလ်က ပြောဆို ထားပြီဖြစ်ကြောင်း သိရသည်။

ဖယ်လာနီမှာ ဆရာဟောင်း မိုရက်စ်၏ ခေါ်ယူမှုဖြင့် ပြီးခဲ့သောရာသီအစတွင် အဲဗာတန်မှ မန်ယူသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ရောက်ရှိလာသူဖြစ်သော်လည်း အဲဗာတန်မှာကဲ့သို့ အစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပေ။

ဖယ်လာနီမှာ ကမ္ဘာ့ဖလားပွဲတွင် ဘယ်လ်ဂျီယံ၏ နောက်ဆုံး ၃ ပွဲလုံးတွင် ပါဝင်ကစားခွင့် ရရှိခဲ့သော်လည်း ၎င်းမှာ မန်ယူကစား ပုံနှင့် မကိုက်ညီသော ကစားသမားဟု  နည်းပြဗန်ဂေါလ်က ယူဆသည့်အတွက် CEO အက်ဒ်ဝုဒ်သပ်ကို ဗန်ဂေါလ်က သူ့ဆန္ဒ ကို ပြောပြခဲ့ခြင်း ဖြစ်သည်။

၂၆ နှစ်သား ဖယ်လာနီ ခြေစွမ်းမပြနိုင်ခြင်းကို နည်းပြဟောင်းမိုရက်စ်က ကာကွယ်ပြောဆိုခဲ့ဘူးသော်လည်း လက်ရှိနည်းပြ ဗန်ဂေါလ်ကမူ သူသဘောမကျသည့် ကစားသမားစာရင်းကို ၀ုဒ်ဝပ်ထံ ပြောဆိုခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ဖလားပွဲအပြီးတွင် မန်ယူ၌ ကစားသမားအပြောင်းအလဲများ ထပ်ရှိလာဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here