Asian Cup News

ယူ-၁၆ ပြိုင်ပွဲ မြန်မာအနိုင်ရ

Jul 29 , 2015

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ကကြီးမှုးကျင်းပလျက်ရှိသည့် ၂၀၁၅ အာဆီယံယူ-၁၆ ဘောလုံးပြိုင်ပွဲအုပ်စု (ခ) ပွဲစဉ်များကိုကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိအိုလံပစ်ကွင်း၌ ကျင်းပရာမြန်မာအသင်းမှာ စင်္ကာပူအသင်းကိုအနိုင်ယူပြီး ပွဲဦးထွက် ၃ မှတ်ရရှိခဲ့သည်။

မြန်မာအသင်းမှာ စင်င်္ကာပူအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းသာကိုင်တွယ်ချိန် ရရှိသေးသည့်နည်းပြချုပ် အဲရစ်ဝီလျံအတွက်လည်း အဖွင့်လှသွားခဲ့သည်။

မြန်မာယူ-၁၆အသင်းအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင်ဟိန်းထက်အောင်၊ ၃၉ မိနစ်တွင်ဝင်းနိုင်ထွန်း၊ ၆၂ မိနစ်တွင်ထက်ဖြိုးဝေတို့က သွင်းယူခဲ့ပြီး ၃၆ မိနစ်၌ချေပဂိုးတစ်ဂိုး ပေးခဲ့ရခြင်းဖြစ်သည်။

ဒုတိယပွဲစဉ်တွင် အိမ်ရှင်ကမ္ဘောဒီးယားက ဖိလစ်ပိုင်ကို ၁းဝ ဖြင့်အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို အုပ်စုနှစ်စုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု(က) တွင်မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်း၊ အုပ်စု(ခ)တွင် သြစတြေးလျ၊ စင်္ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့်ဖိလစ်ပိုင်တို့ ပါဝင်နေသည်။

ယမန်နေ့ကကျင်းပခဲ့သည့် အုပ်စု(က)ပွဲစဉ်များတွင်လာအိုအသင်းက ထိုင်းအသင်းကို ၁ ဂိုး-ဂိုးမရှိ၊ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို ၁ ဂိုး-ဂိုးမရှိတို့ဖြင့်အနိုင်ရရှိပြီး ဘရူနိုင်းအသင်းနှင့် တီမောအသင်းတို့ ၂ ဂိုးစီသရေကျခဲ့သည်။

မြန်မာအသင်းသည် ဒုတိယပွဲစဉ်မဖြစ်သြဂုတ် ၁ ရက်တွင်ဖိလစ်ပိုင်အသင်းနှင့် ကစားမည်ဖြစ်သည်။

 

U Myo Thant




<< Back Asian Cup News


Advertisement
Here