EPL News

စာချုပ်သစ်ချုပ်မည့် နာဆရီ

Jul 03 , 2014

မန်စီးတီးကွင်းလယ်တိုက်စစ်သမား နာဆရီမှာ အသင်းနှင့်သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည် ဖြစ်သည်။

နာဆရီမှာ မန်စီးတီး၏ ကက်ပီတယ်ဝမ်းဖလားနှင့် ပရီးမီးယားလိဂ်ဖလား ရရှိရေးတို့တွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

နာဆရီအနေနှင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းလူစာရင်းတွင် မပါဝင်ခဲ့သည့် အချိန်မှစ၍ နွေရာသီအားလပ်ရက် အပန်းဖြေခရီးထွက်နေသူ ဖြစ်ပြီး လာမည့်အပတ် မန်စီးတီး၏ ရာသီကြိုလေ့ကျင့်ရေး ပြန်စချိန်တွင်  အသင်းနှင့် သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုမည် ဖြစ်သည်။

နည်းပြ ပယ်လီဂရီနီ ကိုင်တွယ်ခဲ့သည့် ပွဲဦးထွက်ရာသီတွင် ၂၇ နှစ်သား နာဆရီမှာ ၃၄ ပွဲကစား ၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးများထဲတွင် ပရီးမီးယား ရာသီသိမ်း ၀က်စ်ဟမ်းနှင့်ပွဲ၊ ကက်ပီတယ်ဝမ်းဖိုင်နယ်အဖြစ် ဆန်းဒါးလန်းနှင့် ကစားခဲ့သည့်ပွဲ များတွင် သွင်းယူခဲ့သော ဂိုးများလည်း ပါဝင်သည်။

သူသည် ယခင်နည်းပြ မန်ချီနီလက်ထက်တွင် ဦးစားပေးမခံခဲ့ရပဲ ပယ်လီဂရီနီ လက်ထက်တွင်မှ အသင်းတွင် နေရာရလာ သူ ဖြစ်သည်။

၂၀၁၁ တွင် အာဆင်နယ်မှ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့သူ နာဆရီမှာ မန်စီးတီးတွင် ကာလ ရှည် ဆက်ရှိနေဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here